ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease2019 – COVID 19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ သဘာဝအခြေခံခရီးသွား ဧည့်လမ်းညွှန် သင်တန်းများကို Australia ACS Distance Education နှင့်ချိတ်ဆက်ကာ Online မှတဆင့် သင်တန်းတက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။
သဘာဝအခြေခံခရီးသွား ဧည့်လမ်းညွှန်သင်တန်းတွင် Ecotourism Basics, Interpretive Services in Ecotourism, Ecology and Conservation , Plant and Animal Classification and Identification, Geology/ Geomorphology, Interpreting Aquatic Environments, Interpreting Land Environments, Planning an Ecotour, Ecotour Displays, Leading an Ecotour စသော ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပါသည်။
ဧည့်လမ်းညွှန်အဖြစ်လက်ရှိလုပ်ကိုင်နေပြီး၊ လွန်ခဲ့သည့် (၅)နှစ်ဆက်တိုက် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်းရှိသော ဧည့်လမ်းညွှန် (National Guide) များနှင့် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်း အနည်းဆုံး(၂)နှစ်ပြည့်ပြီး ASEAN Standard Tour Guide Upgrading သင်တန်းသို့ တက်ရောက် ပြီးသောဧည့်လမ်းညွှန်များ ပါဝင်တက်ရောက်နိုင်ပါသည်။
သင်တန်းကာလမှာ နာရီ (၁၀၀) သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းများကို COVID 19 Lockdown အလွန်ကာလတွင် စတင်ဖွင့်လှစ်ရန် လျာထား ပါသည်။
သင်တန်းကြေး ဒေါ်လာ၆၆၀ (ကျပ် ၁,၀၀၀,၀၀၀ ခန့်) ဖြစ်ပြီး သင်တန်းသား (၇) ဦးအတွက် သင်တန်းကြေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသော Luxembourg Development Agency မှ COVID 19 Stimulus Package Scholarship အဖြစ် ပေးအပ်သွားမည်။
သင်တန်းသားရွေးချယ်မှုကို သက်ဆိုင်ရာဧည့်လမ်းညွှန်အသင်းများ (သို့မဟုတ်) ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၏ ထောက်ခံချက်ဖြင့်လျှောက်ထား လာသူများအနက်မှ ဝန်ကြီးဌာနနှင့် လူဇင်ဘတ်ဖွံ့ဖြိုးရေးအေဂျင်စီမှကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဖြင့် ရွေးချယ်သွားမည်ဖြစ်ရာ သင်တန်းတက် ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာသွားညွှန်ကြားမှုဉီးစီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲသို့ လိပ်မူ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေး အပ်ပါသည်။
Online မှ လျှောက်ထားရန် : လျှောက်လွှာများကို https://bit.ly/3d8D3VK မှ Download ရယူဖြည့်စွက်ပြီးလျှင် moht.covid.rp5@gmail.com သို့ပေးပို့ပါရန်။