ဟိုတယ်လုပ်ငန်းလိုင်စင်ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ


  • (က)လုပ်ငန်းလိုင်စင်ကို ဟိုတယ်၏ ဧည့်ကြိုကောင်တာ သို့မဟုတ် ထင်ရှားမြင်သာသောနေရာတွင် ချိတ်ဆွဲတပ်ဆင်ထားရမည်။
  • (ခ) ဤလိုင်စင်ဖြင့် ခွင့်ပြုသော လုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
  • (ဂ) လိုင်စင်တွင်ဖော်ပြထားသည့် အမည်မှတစ်ပါး အခြားအမည်ဖြင့် လုပ်ကိုင်‌ဆောင်ရွက်ခြင်း မပြုရ။
  • (ဃ) လိုင်စင်ကို အခြားသူအား လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်း၊ အပ်နှံခြင်း မပြုရ။
  • (င) ပျက်ပြယ်သောလိုင်စင်ဖြင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
  • (စ) ဟိုတယ်ပရဝုဏ်အတွင်း ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်။
  • (ဆ) လျှောက်ထားသူ၏ ခြောက်လအတွင်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံ
  • (ဇ)မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်နည်းဥပဒေများအရ ဖွဲ့စည်းတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးခြင်းကို ခွင့်ပြုရမည်။

တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ


  • (က)လုပ်ငန်းလိုင်စင်ကို တည်းခိုရိပ်သာ၏ ဧည့်ကြိုကောင်တာ သို့မဟုတ် ထင်ရှားမြင်သာသောနေရာတွင် ချိတ်ဆွဲတပ်ဆင်ထားရမည်။
  • (ခ) ဤလိုင်စင်ဖြင့် ခွင့်ပြုသော လုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
  • (ဂ) လိုင်စင်တွင်ဖော်ပြထားသည့် အမည်မှတစ်ပါး အခြားအမည်ဖြင့် လုပ်ကိုင်‌ဆောင်ရွက်ခြင်း မပြုရ။
  • (ဃ) လိုင်စင်ကို အခြားသူအား လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်း၊ အပ်နှံခြင်း မပြုရ။
  • (င) ပျက်ပြယ်သောလိုင်စင်ဖြင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
  • (စ) တည်းခိုရိပ်သာပရဝုဏ်အတွင်း ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်။
  • (ဆ) လျှောက်ထားသူ၏ ခြောက်လအတွင်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံ
  • (ဇ)မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်နည်းဥပဒေများအရ ဖွဲ့စည်းတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးခြင်းကို ခွင့်ပြုရမည်။

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ


  • (က)လုပ်ငန်းလိုင်စင်ကို လုပ်ငန်းရုံးခန်း၏ မြင်သာသောနေရာတွင် ချိတ်ဆွဲတပ်ဆင်ထားရမည်။
  • (ခ) ဤလိုင်စင်ဖြင့် ခွင့်ပြုသော လုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
  • (ဂ) လိုင်စင်တွင်ဖော်ပြထားသည့် အမည်မှတစ်ပါး အခြားအမည်ဖြင့် လုပ်ကိုင်‌ဆောင်ရွက်ခြင်း မပြုရ။
  • (ဃ) လိုင်စင်ကို အခြားသူအား လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်း၊ အပ်နှံခြင်း မပြုရ။
  • (င) ပျက်ပြယ်သောလိုင်စင်ဖြင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
  • (စ) ဧည့်သည်များကို ခွင့်ပြုခရီးစဉ်ဒေသများ၌သာ ခရီးစဉ်ဝန်ဆောင်မှု ပေးရမည်။
  • (ဆ)မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်နည်းဥပဒေများအရ ဖွဲ့စည်းတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးခြင်းကို ခွင့်ပြုရမည်။

ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ


  • (က)လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း လိုင်စင်ကဒ်ပြားအသေးကို သတ်မှတ်ချက်အတိုင်း ချိတ်ဆွဲရမည်။
  • (ခ) ဤလိုင်စင်ဖြင့် ခွင့်ပြုသော လုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
  • (ဂ) လိုင်စင်ကို အခြားသူအား လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်း၊ အပ်နှံခြင်း မပြုရ။
  • (ဃ) ပျက်ပြယ်သောလိုင်စင်ဖြင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
  • (င) ဧည့်သည်များအား ခွင့်ပြုသည့်ခရီးစဉ်ဒေသများကိုသာ ပို့ဆောင်ရမည်။
  • (စ)နိုင်ငံခြားငွေကြေးများ ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများအား တည်ဆဲဥပ‌ဒေနှင့်အညီ ဆောင်ရွက်ရမည်။
  • (‌‌ဆ) မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်နည်းဥပဒေများအရ ဖွဲ့စည်းတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးခြင်းကို ခွင့်ပြုရမည်။